အယ်ဘေးနီးယား ဆေးရုံတွင် လူနာကို မီးရှို့မှုဖြစ်ပွား (ရုပ်သံ)

1.9K
အယ်ဘေးနီးယားနိုင်ငံ မြို့တော်တီယန်နာက အမေရိကန် ဆေးရုံမှာ လူနာတဦးကို မီးရှို့ခဲ့တယ်လို့ သံသယရှိတဲ့သူကို ဇူလိုင် ၂၆ ရက်က ဖမ်းဆီးလိုက်ပါတယ်။
ဇူလိုင် ၂၅ ရက်နေလယ်ပိုင်းမှာ ဆာရာစီဆိုတဲ့ လူနာကို မီးရှို့တယ်လို့ သံသယရှိခံရတဲ့ လက်ဖ်တာ ကန်နတ်ခ်ျက ဓာတ်ဆီလောင်း မီးရှို့ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ မီးတွေက လူနာကို လောင်ကျွမ်းခဲ့သလို ဘေးက ကုတင်ပေါ်မှာ ကျောက်ကပ်အတွင်းက ရေပိုနဲ့ အညစ်အကြေးတို့ကို ဖယ်ထုတ် သန့်စင်နေတဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မီးခိုးကြောင့် မွန်းကြပ်ကာသေဆုံးသွားတာ ဖြစ်သလို နောက်ထပ်လူနာ ၂ ဦးလည်း ဒဏ်ရာရရှိသွား ပါတယ်။
ဒီဖြစ်ရပ်ကို လုံခြုံရေး ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး ကန်နတ်ခ်ျကို မီးရှို့လူသတ်မှုနဲ့ စွဲဆိုထားတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ မီးသတ်သမားနဲ့ ရဲတွေက ရောက်လာပြီး ဆေးရုံတခုလုံး မီးမလောင်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။