Home
သတင်းဓာတ်ပုံ
မိုင်ဂျာယန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ဒုတိယနေ့အစည်းအဝေးစတင် (ဓာတ်ပုံ)
DVB
·
July 27, 2016
မိုင်ဂျာယန်မှာကျင်းပနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၇ ရက်နေ့မှာ ဒုတိယနေ့အဖြစ် စတင်ကျင်းပနေပါတယ်။ ဒုတိယနေ့ရဲ့ သဘာပတိတွေအဖြစ် ပဒိုနော်စီဖိုးရာစိန် (ဒုတိယဥက္ကဋ္ဌ-ကေအန်ယူ)၊ တွဲဘက် သဘာပတိ (၁) ရဲဘော်သံခဲ (ဥက္ကဋ္ဌ-အေဘီအက်စ်ဒီအက်ဖ်)၊ တွဲဘက် ဘသာပတိ (၂)အဖြစ် ဦးဇိုဇမ် (ဦးဆောင်ကော်မတီဝင် - အန်ဘီအက်ဖ်) တို့ဖြစ်ပါတယ်။ ဒုတိယနေ့အစည်းအဝေးမှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမှုများဆွေးနွေးခြင်း၊ ဘုံသဘောထားများချမှတ်ခြင်း၊ ဖက်ဒရယ် အခြေခံမှုနှင့် ၀ိသေသ လဏ္ခာစာတမ်းတင်သွင်းခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ စုစည်းတင်ပြချက်များ တင်သွင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းများတွင် မပါမဖြစ်ပါဝင်ရမည့်အခြေခံမှုများ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါမဖြစ်ပါဝင်ရမည် အခြေခံမှုများ၊ ဆွေးနွေးပွဲအနှစ်ချုပ်တင်ပြခြင်းတို့ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024