ဟီဂူအင်ကို ပေါင် ၇၅ သန်းကျော်ဖြင့် ဂျူဗင်တပ် ခေါ်

ဓာတ်ပုံ - ရိုက်တာ
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ နာပိုလီအသင်း ရှေ့တန်းတိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်ကို ပေါင် ၇၅ ဒသမ ၃ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ဟီဂူအင်ကို ဂျူဗင်တပ်အသင်းက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ရော်နယ်လ်ဒိုကို ပေါင် သန်း ၈၀၊ ဂရတ်ဘေးလ်ကို ပေါင် ၈၅ သန်းနဲ့ ၀ယ်ယူခဲ့ပြီးတဲ့နောက် သမိုင်းတလျှောက်မှာ တတိယဈေးအကြီးဆုံးပေးပြီး ၀ယ်ယူရတဲ့ ကစားသမားတဦး ဖြစ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ် ဟီဂူအင်က အစောပိုင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်နဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာ ဟီဂူအင်ဟာ စပိန် လာလီဂါ ရီးရဲလ်မက်ဒရစ်ကနေ နာပိုလီကို ပေါင် ၃၄ ဒသမ ၅ သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ အရင်ရာသီက ဂျူဗင်တပ်အတွက် ၃၆ ဂိုး သွင်းယူပေးခဲ့ပြီး စီးရီးအေ ရွှေဖိနပ်ဆုကို ရယူထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up