A d v e r t i s e m e n t With Us

ဟီလာရီကလင်တန်ကို မဲပုံပေးရန် ထောက်ခံသူများကို ဘာနေးဆန်းဒါး တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု ဖီလာဒယ်လ်ဖီးယားပြည်နယ်မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ ဘာနေးဆန်းဒါးက ဒီမိုကရက်တစ်ပါတီ ထောက်ခံသူတွေ အားလုံး ဟီလာရီ ကလင်တန်ကို မဲပုံပေးဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ ဘာနေး စကားပြောစင်မြင့်ပေါ် တက်လာတဲ့အချိန် ညီလာခံတက်ရောက်လာသူ ပရိသတ်တွေက ၃ မိနစ်လောက် လက်ခုပ်လက်ဝါးတီးပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဟီလာရီကလင်တန်ဟာ လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ ဖြစ်မှကို ရမယ်လို့ ဘာနေးက အလေးထား ပြောဆိုပါတယ်။ အစပိုင်းမှာ ဟီလာရီကလင်တန်လို့ ဆိုလိုက်တာနဲ့ ဆန်းဒါးကို ထောက်ခံသူတွေက လှောင်ပြောင်ကြတော့တာပါ။ ဆန်းဒါးက သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းမှာ အရင်ပြိုင်ဘက်ဖြစ်တဲ့ ဟီလာရီကို မဖြစ်မနေ မဲထည့်ကြဖို့ သူ့ကို ထောက်ခံသူတွေကို အနူးအညွတ် တောင်းပန်လိုက်ချိန်မှာ သူ့နာမည် ရေးထိုးထားတဲ့ စာတန်းတွေ ကိုင်မြှောက်ခဲ့ကြပြီး ထောက်ခံသူအများအပြားလည်း ၀မ်းနည်းငိုကြွေးခဲ့ကြပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် နိုင်သွားရင် ရင်ဆိုင်ရနိုင်တဲ့ အမေရိကန် အမှောင်ခေတ်အကြောင်းကို အဓိက ပြောဆိုသွားခဲ့ပါတယ်။ သမ္မတကတော် မီရှယ်အိုဘားမားလည်း စကားပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ ကမ္ဘာ့အကြီးမြတ်ဆုံးနိုင်ငံ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up