သစ်ပင်ပိသည့် အဖိုးအိုကို လမ်းသွားလမ်းလာများက ကယ်တင် (ရုပ်သံ)

1.1K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းခရိုင်၊ မီနန်ယန်မြို့မှာ ဇူလိုင် ၂၅ ရက်နေ့က အဖိုးအိုတဦးရဲ့အပေါ်ကို သစ်ပစ်တပင်လဲကျပြီး ပိခဲ့တဲ့အတွက် လမ်းသွားလမ်းလာတွေက အရေးပေါ် ကယ်တင်ခဲ့ကြရပါတယ်။
ရုတ်တရက်လဲပြိုကျလာတဲ့ သစ်ပင်ကြီးဟာ အဖိုးအိုရဲ့အပေါ်ကို ပိခဲ့ချိန်မှာ ရှောင်တိမ်းမရဘဲ သစ်ပင်အောက်မှာ ပိတ်မိနေခဲ့တာပါ။
အနီးနားက လမ်းသွားလမ်းလာတွေဟာ အဖိုးအိုဆီ အလျင်အမြန်သွားရောက်ပြီး အကိုင်းအခက်တွေ များပြားတဲ့ သစ်ပင်ကြီးအောက်က အဖိုးအိုကို ဆွဲထုတ် ကယ်တင်ခဲ့ကြရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖိုးအိုဟာ သတိလစ်သွားခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံကို ပို့ဆောင်ထားခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။