အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

719
အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းက ကျင်းပနေပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြင်ဆင်ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို သုံးသပ်ဆွေးနွေးတာတွေနဲ့ နည်းဥပဒေတွေ ကို သုံးသပ်ဆွေးနွေးတာတွေ ပြုလုပ်မှာဖြစ်ပါတယ်။
အခုအလုပ်ရုံဆွေးနွေးပွဲကို ဌာနဆိုင်ရာကိုယ်စားလှယ်တွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။