အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ထိုင်းနှင့် ဗီယက်နမ် ဂိုးပြတ်အနိုင်ရ

မန္တလေးမြို့မှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေမှာ ထိုင်းနဲ့ ဗီယက်နမ်အသင်းတို့ ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်က စတင်ကျင်းပတဲ့ အဖွင့်ပွဲစဉ်မှာ ထိုင်းအသင်းက ဖိလစ်ပိုင်ကို ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့တာဖြစ်ပြီး ဗီယက်နမ်အသင်းကလည်း စင်ကာပူအသင်းကို ၁၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ ထိုင်းအသင်းနည်းပြ ပရိုင်ရာကတော့ ဖိလစ်ပိုင်အသင်းနဲ့ပွဲက ခြေစွမ်းကို ကျေနပ်ပေမယ့် ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်ပြီး အုပ်စုတက်ဖို့အတွက် တပွဲချင်းစီကိုပဲ အာရုံစိုက် ပြင်ဆင်သွားမယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ ဗီယက်နမ်နည်းပြ မိုင်ဒမ်ချန်ကလည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာဟာ ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့်ဖြစ်ပြီး တပွဲလုံး ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းကိုလည်း အားရကျေနပ်တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု က ရဲ့ ဒုတိယပွဲစဉ်တွေအဖြစ် လာမယ့် ဇူလိုင် ၂၈ ရက်မှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ ထိုင်းနဲ့စင်ကာပူတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အုပ်စု ခ အဖွင့်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၂၇ ရက်မှာ ကစားမှာဖြစ်ပြီး သြစတြေးလျယူ ၂၀ နဲ့ မလေးရှား၊ မြန်မာနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ သတင်း - လွှမ်းမိုးအောင်၊ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up