တယ်လီဖုန်းတိုင် မိုးကြိုးပစ်ခံရပြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီး (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ တယ်လီဖုန်းတိုင်တတိုင်ကို မိုးကြိုးပစ်ချလို့ ဖုန်းတိုင်ဟာ အစိတ်စိတ် အမြွှာမြွှာကွဲသွားပါတယ်။
ဇူလိုင် ၂၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ချီကာဂိုဒေသခံ အင်ဂျာအင်ဂလပ်က ကားမောင်းနေစဉ် ဒီဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။
မိုးကြိုးပစ်လိုက်တဲ့အတွက် ဖုန်းတိုင်ဟာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ ကွဲကြေသွားတာကိုလည်း ရုပ်သံမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီရုပ်သံကို အမေရိကန် စီအန်အန်သတင်းဌာနက ပြန်လည်ထုတ်လွှင့်ခဲ့ပြီး လူတွေ လုံလုံခြုံခြုံနေဖို့လည်း သတိပေးထားပါတယ်။