Home
မြန်မာသတင်း
အမတ်များကို ထိန်းချုပ်ခြင်းမဟုတ်ဟု ပြည်သူ့လွှတ်တော်ရှင်းလင်း
DVB
·
July 26, 2016
လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ အတည်ပြုချက်မယူဘဲ မိမိသဘောဆန္ဒအရ အရပ်အဖက် အဖွဲ့စည်းတွေ၊ အန်ဂျီအိုနဲ့တွေ့ဆုံပြီး ဆွေးနွေးပြောခြင်းတွေဟာ လွှတ်တော်နဲ့ မသက်ဆိုင် ကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်က သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးကနေပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တွေသိရှိရန် ပန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပန်ကြားချက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အိုင်အန်ဂျီအို၊ အန်ဂျီအို၊ စီအက်အိုစတဲ့ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ လေ့လာရေး တက်ရောက်ဖို့ ဖိတ်ကြားလာရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြပြီး အတည်ပြုချက်ရယူဖို့ ပါရှိပါတယ်။ ဒါ့အပြင် ဖိတ်ကြားတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆီ လိပ်မူဖိတ် ကြားစေလို တဲ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားတွေရဲ့ ကိုယ်ရေးအရာရှိတွေ ပြည်သူ့ လွှတ်တော်အစည်းအဝေးခန်းမ အတွင်းကို ၀င်ထွက်ခြင်း မပြုဖို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်ထားတာဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးဆုံးရှုံးစေဖို့၊ ကျပ်တည်းလာစေဖို့ ထုတ်ပြန်တာမဟုတ်သလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှု အပေါ် ထိန်းချုပ်ခြင်းမဟုတ်ကြောင်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားမူလအခွင့်အရေးအရ ကျန်းမာရေး၊ မိသားစုအရေး အလည်အပတ်စတဲ့ ကိုယ်ရေးကိုယ်တာခရီးစဉ်တွေကိုလွတ်လပ်စွာ စီစဉ် ဆောင်ရွက်နိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဖြစ်စေ၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မီတီဝင်အနေနဲ့ဖြစ်စေ လွှတ်တော်၏အဆောင်အယောင်၊ လွှတ်တော်အမည်ကို အသုံးပြုပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို မိမိဘာသာချိတ်ဆက်ပြီး လွှတ်တော်ရေး ရာကော်မီတီအဆောင်တွေမှာ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းနဲ့ ပြည်ပခရီးစဉ်များကို အမည်နာမ တပ်ပြီးဖိတ်ကြာခိုင်းခြင်းမပြုဖို့ ဖော်ပြထားပါတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ လွတ်တ်ေရေးရာကော်မတီဆောင်တွေမှာ တွေ့ဆုံခြင်း ကိုလည်း တားမြစ်ပိတ် ပင်ခြင်းမရှိသလို ဖိတ်ကြားတဲ့အဖွဲ့အစည်း ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြလာပါက ခွင့်ပြုပေးနေတယ်လို့ ဖော်ပြ ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024