A d v e r t i s e m e n t With Us

ပြင်သစ်ဘုရားကျောင်းတွင် ဓားစာခံများကို ဖမ်းထားသည့် လက်နက်ကိုင် ၂ ဦး သေဆုံး

ဓာတ်ပုံ - အေပီတီအန်
ပြင်သစ်နိုင်ငံမြောက်ပိုင်း ရုအန်အနီးက ဘုရားကျောင်းမှာ ဓားစာခံတွေကို လက်နက်ကိုင် ၂ ဦးက စီးနင်းထားရာမှာ ဘုန်းတော်ကြီးတပါး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက်က ဘုရားကျောင်းအတွင်း ဆုတောင်းနေတဲ့အချိန် လက်နက်ကိုင်တွေက ၀င်ရောက်ကာ အနည်းဆုံး လူ ၄ ဦးကနေ ၆ ဦးအထိ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဘုန်းတော်ကြီးနဲ့ မယ်သီလရှင် ၂ ဦးလည်း ပါဝင်တယ်လို့ ဒေသခံမီဒီယာတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ၀င်စီးတဲ့ လက်နက်ကိုင် ၂ ဦးလည်း သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၁ ဦးလည်း ဆေးကုသမှု ခံယူနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ France 3 ရုပ်သံကတော့ သေနတ်သံ အတော်များများ ကြားရပြီး ရဲနဲ့ အရေးပေါ်အဖွဲ့တွေ ဒီနေရာကို ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်သစ်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးကလည်း လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းဖို့အတွက် လမ်းမှာရောက်နေတယ်လို့ သတင်းတွေက ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up