အစ်ကိုဖြစ်သူ သက်ဆင်အတွက် မွေးနေ့သီချင်းဆိုသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် (ရုပ်သံ)

2.8K
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်က အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်အတွက် မွေးနေ့ဆုတောင်းသီချင်းကို သီဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်မှာ တင်ခဲ့တာဖြစ်ပြီး သီချင်းမဆိုခင် ယင်လတ်က ခြေဆင်းအဖြစ် စကားပြောပြီး နောက်ပိုင်းမှာ သီဆိုထားတာ ဖြစ်ပါတယ်
အစ်ကိုအတွက် အံအားသင့်စရာ မွေးနေ့ပွဲ လုပ်ပေးချင်သလို ဆုတောင်းပေးထားတဲ့ သီချင်းပါလို့ ယင်လတ်က အဖွင့်မှာ ပြောပါတယ်။
အစ်ကိုဖြစ်သူ သက်ဆင်ဟာ ထိုင်းနိုင်ငံကလွဲလို့ နိုင်ငံတကာကို သွားလို့ရသလို ယင်လတ်က ထိုင်းနိုင်ငံကလွဲလို့ နိုင်ငံတကာကိုသွားခွင့် ကန့်သတ်ခံထားရတဲ့အတွက် ညီမနဲ့ အစ်ကိုဟာ ကန့်သတ်ခံထားရတာခြင်းကလည်း တူညီနေတဲ့အကြောင်း၊ ဒီအသိဟာ စိတ်ကို အရမ်းဒုက္ခရောက်စေတဲ့အကြောင်းနဲ့ အစ်ကိုလည်း အလားတူ ခံစားနေရမယ်လို့ ထင်တဲ့အကြောင်း ယင်လတ်က ပြောပါတယ်။
၂ ဦးစလုံးဟာ ပြည်သူတွေကို ချစ်သလို စိုးရိမ်ပူပန်တဲ့အကြောင်း၊ ဒါကြောင့် ဒီသီချင်းလေးကို အစ်ကို့ မွေးနေ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာလို့လည်း ဆိုပါတယ်။
သီချင်းတင်ပြီးတဲ့နောက် တနာရီအတွင်း ကြည့်ရှုသူ သိန်းချီရှိခဲ့ပြီး ဖြန့်ဝေသူကလည်း ၆၀၀၀ ကျော် ရှိသွားပါတယ်။
ဇူလိုင် ၂၆ ရက်မှာ ကျရောက်တဲ့ အစ်ကိုဖြစ်သူရဲ့ ၆၇ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တင်မယ်လို့ ယင်လပ်က ဇူလိုင် ၂၅ ရက်နေ့ကတည်းက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။