A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတ၀န်း ၄ ရက်ကြာ မိုးသည်းထန်မည်

တရုတ်နိုင်ငံတောင်ပိုင်းက ချဉ်းကပ်လာတဲ့ မုန်တိုင်းနဲ့ ပြင်းထန်တဲ့ မုတ်သုန်လေတွေကြောင့် ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်အထိ ထိုင်းနိုင်ငံတ၀န်းမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ လာမယ့် ၂ ရက်အတွင်းမှာ မိုးရွာသွန်းဖို့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသလို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အတွင်း နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာလည်း မိုးပိုလာနိုင်တယ်လို့ ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဇူလိုင် ၂၆ နဲ့ ၂၇ ရက်တွေမှာ အနောက်တောင်ပိုင်းက မုတ်သုန်လေတွေ ကပ္ပလီပင်လယ် တောင်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့တွေကို တိုက်ခတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်အတွင်းမှာတော့ အနောက်တောင်ပိုင်း မုန်သုန်လေက ပိုမိုအားကောင်းလာပြီး ထိုင်းမှာ မိုးပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက လူတွေကလည်း သည်းထန်တဲ့ မိုးအတွက် ပြင်ဆင်ထားဖို့နဲ့ ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ အပေါ်ပိုင်းကို သွားရောက်မယ့် စက်လှေတွေအနေနဲ့ သတိထားဖို့လည်း ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up