ထိုင်းတောင်ပိုင်းတွင် ဆင်တကောင် ဓာတ်လိုက်သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်း၊ ခီအန်ဆာခရိုင်တွင်းမှာ ဇူလိုင် ၂၅ ရက်နေ့က ဆင်အထီးတကောင် ဗို့အားမြင့်ဓာတ်အားပို့လွှတ်လိုင်းတွေ ဖြတ်သွားရာ ရှုပ်ထွေးတဲ့ ၀ါးတောတခုထဲမှာ ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆင်ကြီး ဖလိုင်ဆင်းသောင်ဟာ အဆိုပါ ၀ါးတောငယ်ထဲမှာ ၀ါးအညွန့်အဖူးတွေကို ရှာဖွေစားသောက်နေချိန် ခုလိုဖြစ်ခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ် ပိုင်ရှင်ဖြစ်သူ သနွန်ချိုင် ချူရက်ခ်က သူ့ကို ၀ါးတောထဲမှာ သွားရောက်စားသောက်ခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ကြီးဟာ ၀ါးပင်တပင်ရဲ့ ပင်စည်ကို နှာမောင်းနဲ့ ဆွဲယူလိုက်ချိန်မှာ လျှပ်စစ်ဓာတ်အားစီးနေတဲ့ ၀ါးပင်မှတဆင့် တွန်းကန်ပြီး သူ့ခန္ဓာကိုယ်ဆီ လျှပ်စစ်ဓာတ်အား အပြည့်ဝင်ရောက်ပြီး လဲကျ သေဆုံးသွားခဲ့ရတာပါ။
ကံမကောင်းစွာ သေဆုံးခဲ့ရတဲ့ ဆင်ကြီးကို မြှုပ်နှံပစ်ရတော့မှာ ဖြစ်တယ်လို့ သနွန်ချိုင်က ပြောပါတယ်။