ယခုနှစ်ဝက်အတွင်း အာဖဂန်ကလေးငယ် သေဆုံးမှု အများဆုံးဖြစ်

စစ်ပွဲအတွင်း ဒဏ်ရာရ ကလေးငယ်တဦး။ (ဓာတ်ပုံ - Getty Images)
631
၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမနှစ်ဝက်အတွင်း အာဖဂန်ကလေးငယ် ထိခိုက်သေဆုံးမှုမှာ အခုနှစ်ဟာ အများပြားဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇန်န၀ါရီလကနေ ဇွန်လအတွင်း ပထမနှစ်ဝက် အာဖဂန်နစ္စတန်နိုင်ငံမှာ အရပ်သား ၁၆၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး ၃၈၈ ဦး ပါဝင်ခဲ့တာပါ။
အဲဒီအရေအတွက်ဟာ အတော့်ကို ထိတ်လန့်တုန်လှုပ်စရာ၊ ရှက်စရာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူနည်းစု ရှီးယားမွတ်စလင် ဟာဇရာလူမျိုးစုတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို အိုင်အက်စ် အကြမ်းဖက်တွေက အသေခံဗုံးခွဲလို့ လူအယောက် ၈၀ သေဆုံးခဲ့တာပါ။
အခုနှစ် ပထမ ၆ လအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း ထိခိုက်သေဆုံးခဲ့ကြတဲ့ မိသားစုဝင် ၅၀၀၀ ကျော်နဲ့ မေးမြန်းစုံစမ်းပြီး ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးခဲ့သူတွေရဲ့ ၃ ချိုး ၁ ချိုးဟာ ကလေးတွေဖြစ်နေတာ အတော်ကို စိတ်မချမ်းမြေ့စရာ၊ ၀မ်းနည်းစရာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောဆိုပါတယ်။