အဆင့်မြင့်ဒုံးခွင်းဒုံး ပထမဆုံး စမ်းသပ်ပစ်ခဲ့မှု တရုတ် ထုတ်ပြန်ပြသ (ရုပ်သံ)

2.1K
တရုတ်နိုင်ငံက ထုတ်လုပ်လိုက်တဲ့ အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ကို ၂၀၁၀ ခုနှစ်က ပထမဆုံး စမ်းသပ်ပစ်ခွင်းခဲ့မှုကို တရုတ်နိုင်ငံက ဇူလိုင် ၂၄ ရက်မှာ ပထမဆုံး ထုတ်ပြန်ပြသခဲ့ပါတယ်။
ဒီဒုံးကျည်ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ်တွေဟာ လက်ရှိ ကမ္ဘာ့စစ်ရေး အခင်းအကျင်းတွေမှာ အဓိကအကျဆုံးနဲ့ ခေတ်အမီဆုံး စစ်ရေးနည်းပညာ ဖြစ်လာတာပါ။
လက်ရှိ ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတွေရဲ့ နည်းပညာချင်း ယှဉ်ပြိုင်ရာမှာ ဒီ ဒုံးခွင်းဒုံးစနစ်ဟာ အရေးအကြီးဆုံး မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ် ဖြစ်တယ်လို့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းအခြေစိုက် တရုတ်တပ်မတော် သုတေသန အရာရှိတဦးက ပြောပါတယ်။
တရုတ်နိုင်ငံက ဒီဒုံးခွင်းဒုံးစနစ် တည်ဆောက်ရေး စီမံကိန်းကို မကြာခင်နှစ်တွေကပဲ စတင်ခဲ့ပြီး လောလောဆယ်အဆင့်ကတော့ စမ်းသပ်ပစ်လွှတ်မှုအဆင့်ပဲ ရှိသေးတယ်လို့ ဒုံးခွင်းဒုံးပညာရှင်က ပြောပါတယ်။
လက်တွေ့စစ်ပွဲမှာ အသုံးတည့်မှု၊ ထိရောက်မှုရှိမရှိကပဲ အဓိကကျမှာ ဖြစ်တဲ့အတွက် အဲ့ဒါအတွက်ပဲ ရည်ရွယ်တည်ဆောက်နေတယ်လို့လည်း သုတေသနပညာရှင် ချန်က ပြောဆိုပါတယ်။
၂၀၁၀ ခုနှစ်မှာ ဒီ ဒုံးခွင်းဒုံးစနစ်ကို ပထမ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၃ နှစ်ကြာ အခြေခံနည်းပညာတွေ အဆင့်မြှင့်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ဒုတိယအကြိမ် စမ်းသပ်ပစ်ခွင်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။