လူမည်းတဦးကို နီဂရိုးကောင်ဟု ခေါ်သည့် တရုတ်အမျိုးသား အရိုက်ခံရ (ရုပ်သံ)

4K
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ လူမည်း နိုင်ငံခြားသားတဦးကို လူမျိုးရေးခွဲခြားပြီး နီဂရိုးကောင်လို့ ခေါ်ခဲ့တဲ့ တရုတ်အမျိုးသားတဦးဟာ မျက်နှာကို အရိုက်ခံခဲ့ရတယ်လို့ ဇူလိုင် ၂၅ ရက်က မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဆိုပါ လူမည်းအမျိုးသားကို ဘယ်နိုင်ငံသားမှန်း မသိနိုင်သေးဘဲ မြေအောက်ရထားတခုပေါ် အဆိုပါ တရုတ်အမျိုးသားနဲ့ ဆုံချိန်မှာ ခုလိုပြောခဲ့တဲ့အတွက် လူမည်းအမျိုးသားက မျက်နှာကို ဖြတ်ရိုက်ခဲ့တာပါ။
ဒီအဖြစ်အပျက်ကို တယောက်ယောက်က လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင်ထားခဲ့တာပါ။
မျက်နှာကို ထိုးကြိတ်မှုကြောင့် တရုတ်အမျိုးသားဟာ ပြင်းပြင်းထန်ထန် နာကျင်သွားခဲ့ပြီး မျက်နှာကိုအုပ်ကာ ကြမ်းပြင်ပေါ် ဒူးထောက်လျက်သား ကျသွားခဲ့တာကို တွေ့ရပါတယ်။
လူမည်းအမျိုးသားဟာ “မင်း ဒီလိုပဲ လုပ်နေကျမလား။ ဒီမှာ၊ ငါ့ကိုကြည့်စမ်း” လို့ အကြိမ်ကြိမ်ပြောပြီး ရိုက်ခဲ့ကာ “မင်းကို ရဲဆီခေါ်သွားမယ်” လို့ ပြောခဲ့တာပါ။
အဲဒီအချိန်မှာ ထိုးနှက်ခံရသူ တရုတ်အမျိုးသားဟာ ဘာမှပြန်မပြောနိုင်ဘဲ ကြောက်ရွံ့ထိတ်လန့်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပြီး နောက်ဆုံးမှာ လူမည်းအမျိုးသားဟာ သူ့အနားက ထွက်ခွာသွားခဲ့ပါတယ်။