A d v e r t i s e m e n t With Us

တရုတ်-အာဆီယံ လူငယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ ၁၃ အသင်း ပါဝင်ယှဉ်ပြိုင်မည်

ဓာတ်ပုံ - Myanmar Football Federation
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၄ ရက်ထိ ကျင်းပမယ့် တရုတ်-အာဆီယံ ချစ်ကြည်ရေး လူငယ် ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ-၁၃ အသင်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။ မြန်မာယူ ၁၃ အသင်းကို မန္တလေးဘောလုံးအကယ်ဒမီက ကစားသမားတွေနဲ့ ဖွဲ့စည်းထား တာဖြစ်ပြီး မုံရွာမြို့မှ ၄ ဦး၊ မန္တလေး မြို့မှ ၃ ဦး၊ ရန်ကုန်နဲ့ တောင်ကြီးမြို့တို့မှ ၂ ဦးစီနှင့် ကျိုက္ခမီ၊ နက်မောက်၊ ရွှေဘို၊ သရက်စတဲ့ မြို့တွေက ကစားသမားတွေပါဝင်တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားကိုတော့ ကြိုတင်ထုတ်ပြန်ခြင်း မရှိပါဘူး။ အလားတူဘရူနိုင်းနိုင်ငံမှာ မနက်ဖြန်စတင်ကျင်းပမယ့် AFC ယူ ၁၄ ဒေသတွင်းလူငယ် ဘောလုံး ပွဲတော်မှာလည်း မြန်မာ ယူ ၁၄ လူငယ်လက်ရွေးစင်ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (က)မှာ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနဲ့ အိမ်ရှင် ဘရူနိုင်းအသင်းတွေနဲ့ တစ်အုပ်စုထဲကျနေပါတယ်။ အုပ်စု (ခ)မှာတော့ မလေးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဖိလစ်ပိုင် အသင်းတွေ တအုပ်စုထဲကျပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ်မနက်ဖြန်ညနေမှာ ဘရူနိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ မနက်ပိုင်း ဗီယက်နမ် ညနေပိုင်း ထိုင်းအသင်းတွေနဲ့ တရက်ထဲ ၂ ပွဲကစားရမှာပါ။ နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၂၉ မှာ စင်ကာပူအသင်းနဲ့ ကစားရမှာပါ။

A d v e r t i s e m e n t With Us

More News
Up