ကားဟွန်းတီးပြီး သခင်ကိုခေါ်သည့် ခွေးကလေး (ရုပ်သံ)

ကားဟွန်းကို အဆက်မပြတ်တီးကြတယ်ဆိုတာဟာ လူတွေအတွက် စိတ်မရှည်နိုင်တော့တဲ့အခါ ဆိုပေမယ့် တချိန်လုံး တီးနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သခင့်ပြန်အလာကို ကားပေါ်ကနေ မျှော်နေရှာတဲ့ ခွေးကလေးကတော့ ဟွန်းသံရှည်ရှည် တီးလိုက်ပြီး သတိပေးခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံအရှေ့ပိုင်း၊ ဘရိုင်ယန့်စ်ခ်မြို့က ကားရပ်နားတဲ့ နေရာတခုမှာ ဖြစ်ခဲ့ပြီး ဒီအဖြစ်အပျက်ကို အနီးနား မျက်မြင်တွေ့ရှိသူတဦးက မှတ်တမ်းတင်ထားခဲ့တာလို့ ဗြိတိန်အခြေစိုက် မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရိုက်ကူးသူအမျိုးသားဟာ ကားအနီးကပ်လာခဲ့ပြီး ခွေးကလေးနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဖို့ ကြိုးစားခဲ့ကာ ခုလို ရိုက်ကူးခဲ့တာပါ။ ခွေးကလေးဟာ ကားရှေ့ခန်း ယာဉ်မောင်းသူနေရာမှာ ရှိနေကာ ဟွန်းကို အဆက်မပြတ် တီးနေခဲ့ကာ အော်ဟစ်နေချိန်မှာ ဘေးကလူတွေရဲ့ သဘောကျပြီး ရယ်မောနေသံတွေကိုပါ ကြားနေရတာပါ။ ကံကောင်းထောက်မစွာပဲ ကားရဲ့ ဘေးတံခါးဟာ လှစ်ဟထားခဲ့တာမို့ ခွေးကလေးဟာ ပြင်ပကလေကို ရှူနိုင်ပြီး သခင်ဖြစ်သူ သူ့ဆီပြန်လာခဲ့ချိန်ထိတိုင်အောင် ရိုက်ယူထားခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up