စက်လှေကားစီးစဉ် ကလေးလက်တွန်းလှည်း ပြုတ်ကျခဲ့သည့် မိခင် ဝေဖန်ခံရ (ရုပ်သံ)

2.7K
တရုတ်နိုင်ငံမှာ အမျိုးသမီးတဦးဟာ ကလေးငယ်ကို တွန်းလှည်းနဲ့တင်ဆောင်လာပြီး စက်လှေကားစီးကာ ဆင်းခဲ့ချိန် ကလေးဟာ တွန်းလှည်းနဲ့အတူ ပြုတ်ကျခဲ့တဲ့အတွက် ဝေဖန်နေကြပါတယ်။
ကလေးတွေကို သယ်ဆောင်တဲ့ လက်တွန်းလှည်းဟာ ခုလို စက်လှေကားစီးနင်းချိန်မှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ မဟုတ်ဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကံကောင်းထောက်မစွာပဲ အနီးနားက အမျိုးသားတဦးက စက်လှေကား အရေးပေါ်ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့လို့ စက်လှေကား ရပ်သွားခဲ့ပေမယ့် ကလေးငယ်ရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုပြီးတဲ့နောက်မှာ နမော်နမဲ့နိုင်တဲ့ မိခင်ဖြစ်သူကို အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာက ဝေဖန်ခဲ့ကြတာပါ။
ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်တွေကတော့ ခုလို တွန်းလှည်းနဲ့ ကလေးကို တင်ဆောင်လာချိန်မှာ မိခင်အနေနဲ့ စက်လှေကားကို မစီးသင့်ဘူးလို့ ပြောလိုက်ပြီး သူတို့အနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို သေသေချာချာ ပွေ့ချီထားတာမျိုး ဒါမှမဟုတ် ဓာတ်လှေကားကိုသာ အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။