သစ်တောဧက ၂၂၀၀၀ ကျော် လောင်ကျွမ်းခဲ့သည့် ကယ်လီဖိုးနီးယားတောမီး ထိန်းချုပ်နိုင်ရေး ကြိုးစား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့တောမီးကို ထိန်းချုပ်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေ ဆက်လက်ကြိုးစားနေကြပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မြောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ ကူးစက်လောင်ကျွမ်းမှု လျှင်မြန်ပြီး နေအိမ် ၁၈ လုံးနဲ့ သစ်တောဧက ၂၂၀၀၀ ကျော် လောင်ကျွမ်းသွားပြီလို့ မီးသတ်တပ်ဖွဲ့တွေက ပြောပါတယ်။ နေအိမ် ရာနဲ့ချီပြီး ကူးစက်လောင်ကျွမ်းမယ့် အခြေအနေရှိလို့ ဆန်တာကလာရီတာမြို့နားက ဒေသခံမိသားစု ၁၅၀၀ လောက်ကို အာဏာပိုင်တွေက အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ပါတယ်။ မီးလောင်ကျွမ်းခံထားရတဲ့ ကားတစီးထဲမှာ လူတဦး သေဆုံးနေတာ တွေ့ရှိခဲ့ကြပါတယ်။ လေပြင်းတိုက်ခတ်တဲ့အတွက် တောမီးကို မဟန့်တားနိုင်သေးဘဲ လူနေအိမ်တွေမှာ လောင်ကျွမ်းကုန်တာလို့ လော့စ်အိန်ဂျလိစ် ဒု-မီးသတ်မှူးက ပြောပါတယ်။ တောမီးဟာ ဇူလိုင် ၂၂ ရက်မှာ ဆန်တာကလာရီတာမြို့နားက အမျိုးသားကာကွယ်တော အစပ်နားမှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up