A d v e r t i s e m e n t With Us

ဘန်ကောက်-ချင်းမိုင် ခရီးသည်တင်ကားတိမ်းမှောက် ၃ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ချိုင်းနတ်ခရိုင်မှာ ဒီကနေ့ မနက်က ဘန်ကောက်ကနေ ချင်းမိုင်ကို ဦးတည်လာတဲ့ ခရီးသည်တင်ကားတစီး တိမ်းမှောက်ပြီး လူ ၃ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရသွားတယ်လို့  .khaosod.ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီနေ့ မနက် ၅ နာရီ ခွဲအချိန်က ချိုင်းနတ်မြို့နယ် ဆေဟုတ်ရပ်ကွက်ရှိ အာရှလမ်းမကြီးပေါ်မှာ ယဉ်မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းပို့ချက်အရ အခင်းဖြစ်ပွါးရာနေရာကို သွားရောက်ကြည့်ရှုရာမှာ ဖွန်းဖိရိယထိုးကုမ္ပဏီပိုင် ယာဉ်အမှတ် ၁၀ - ၆၄၁၉ ချင်းမိုင် - ဘန်ကောက်ခရီးသည်တင်ကားတစ်စီး ဘေးစောင်းအနေအထားနဲ့ တိမ်းမှောက်နေပြီး သေဆုံး ဒဏ်ရာရသူတွေတွေ့ခဲ့တာလို့ ချိုင်းနတ်မြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးမှ သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူမှာ အသက် ၅၀ ရွယ်ရှိ စပယ်ယာ (ယာဉ်နောက်လိုက်)  အမျိုးသမီးတဦးနဲ့ သက်သေအထောက်အထားမရှိသူ အမျိုးသားတဦး၊ အမျိုးသမီးတဦး တို့ဖြစ်ပြီး သူတို့ ၂ ဦးရဲ့ အလောင်းမှာလည်း ဦးခေါင်းတွေ ပါမလာတဲ့အတွက် အပျက်အစီးကြားထဲကနေ ရှာဖွေ တုန်းဘဲလို့ တာဝန်ကျရဲဝန်ထမ်းမှ ဆက်ပြောပါတယ်။ ဒဏ်ရာရသူ ၂၂ ဦးမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၁ ဦးတို့ဖြစ်ပြီး သူတို့အားလုံးကို ချိုင်းနတ်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆန်ဖယားနဲ့ မနောရူမ်းဆေးရုံတွေဆီခွဲပြီး ပို့ဆောင်ကုသ ထားတယ်လို့ ဆိုပါတယ်။ ဆက်လက်စစ်ဆေးချက်အရ အဆိုပါကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ သစ်ပင်ကိုရော၊ ဆိုင်တဆိုင်ရှေ့တံတားကိုပါ ၀င်တိုက်ကာ လမ်းဘေးရှိမြောင်းထဲကို မှောက်ကျသွား တာလို့ ရဲစခန်းရဲ့အပြောကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up