ကားတစီး ရပ်နားထားစဉ် အလိုအလျောက် မီးလောင်မှုဖြစ် (ရုပ်သံ)
တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းခရိုင်၊ ဟိုင်နင်းမြို့ လမ်းမတခုပေါ်မှာ ဇူလိုင် ၂၄ ရက်က ကားတစီးဟာ ရပ်တန့်ထားချိန်မှာ ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။
ယာဉ်မောင်းဖြစ်သူဟာ ကားကို ရပ်တန့်ထားခဲ့တာဖြစ်ပြီး ကားမီးလောင်ကျွမ်းနေချိန်မှာ သူဟာ ယာဉ်ပေါ်မှာ ရှိမနေခဲ့ပါဘူး။
ရုတ်တရက် မီးတောက်မီးလျှံတွေ ထွက်ပေါ်လာခဲ့ချိန်မှာတော့ ယာဉ်မောင်းဖြစ်သူဟာ အပြေးအလွှား လာရောက်ခဲ့သလို အနီးနားက မျက်မြင်တွေ့သူတွေကပါ မီးသတ်ဆေးဘူးတွေ အသုံးပြုပြီး မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ရဲတွေရောက်လာခဲ့ကာ ကူညီခဲ့ကြပြီး လက်ရှိမှာတော့ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အဆိုပါဒေသတွင်း ရာသီဥတု ဆက်တိုက် ပူလောင်လွန်းတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ တချို့က ဝေဖန်နေကြပါတယ်။