ဂျာမနီမြို့လယ်ခေါင်တွင် ပေါက်ကွဲမှုဖြစ်၊ လူ ၁ ဦးသေဆုံး
ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့နားက အန့်စ်ဘာ့ဟ်မြို့မှာ ဇူလိုင် ၂၄ ရက် ညက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ချက်ချင်းမရသေးဘူးလို့ သူက ပြောပါတယ်။
မြို့တော်ဝန်ကတော့ မြို့လယ်ခေါင် ပေါက်ကွဲမှုဟာ ဖောက်ခွဲရေးပစ္စည်းတခုကြောင့် ဖြစ်တာလို့ ပြောပါတယ်။
အန့်စ်ဘာ့ဟ်မြို့က စားသောက်ဆိုင်တဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံ သတင်းစာက အစီရင်ခံပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကလည်း မြူးနစ်မြို့မှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမား တဦးကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါသေးတယ်။