A d v e r t i s e m e n t With Us

နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အင်တာမီလန် ၁ – ၃ ပီအက်စ်ဂျီ (ရုပ်သံဟိုက်လိုက်)

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲအဖြစ် အီတလီကလပ် အင်တာမီလန်နဲ့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီတို့ ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ ပီအက်စ်ဂျီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာ ပီအက်စ်ဂျီအတွက် Serge Aurier က အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်း ပြီးခါနီးမှာ အင်တာတိုက်စစ်မှူး ဂျိုဗီတစ် (Stevan Jovetic) က ပယ်နယ်တီမှတဆင့် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁ မိနစ်မှာ Lavyin Kurzawa နဲ့ ၈၇ မိနစ်မှာ Serge Aurier တို့က ထပ်မံသွင်းယူပြီး ပွဲအပြီးမှာ ပီအက်စ်ဂျီက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲဟာ ကလပ်အသင်းတွေရဲ့ အမှတ်ပေးတွေပွဲမစမီ ရာသီကြို ခြေသွေးတဲ့အနေနဲ့ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up