A d v e r t i s e m e n t With Us

အာဂျင်တီးနားတွင် အများရှေ့ ကလေးနို့တိုက်ခွင့်ရရေး ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံမှာ ကလေးမိခင်တွေ အများရှေ့ ကလေးနို့တိုက်ခွင့်ကို ကာကွယ်တဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၂၃ ရက်နေ့က ဗျူနိုအေးရစ်မြို့တော်မှာ ကျင်းပခဲ့ကြပါတယ်။ အခုလအစောပိုင်းက မြိုတော်မြောက်ပိုင်းမှာ အသက် ၂၂ နှစ်အရွယ် ကလေးမိခင်တဦးကို ဈေးဝယ်ကုန်တိုက်အများရှေ့မှာ ကလေးနို့တိုက်လို့ဆိုပြီး လုံခြုံရေးအမျိုးသမီးဝန်ထမ်း ၂ ဦးက ဖမ်းမယ်၊ ဆီးမယ်ခြိမ်းခြောက်ခဲ့လို့ အင်တာနက်လူမှုကွန်ရက်တွေမှာ လူပြောများတဲ့ အငြင်းပွားစရာဖြစ်ခဲ့တာပါ။ အများရှေ့မှာ ကလေးနို့တိုက်တာဟာ တားမြစ်ဥပဒေကို ချိုးဖောက်မှုလို့ လုံခြုံရေးဝန်ထမ်းတွေက ပြောဆိုခဲ့တာကြောင့် ကလေးမိခင်က မြို့ခံသတင်းဌာနတွေကို ပြောဆိုတာပါ။ အဲ့ဒီဖြစ်ရပ်အတွက် ဒေသခံအစိုးရက ကြေညာချက်ထုတ် တောင်းပန်ခဲ့ပါတယ်။ 2အခုလိုတားဆီးတာမျိုး နောက်တခါမဖြစ်ဖို့ ဆန္ဒပြသူမိခင်တွေက တောင်းဆိုကြတာပါ။ အခုလို အများရှေ့ကလေးနို့တိုက်တာကို တားဆီးတဲ့ကိစ္စ တခြားအာဂျင်တီးနားမြို့တွေမှာ မကျေမနပ်ဖြစ်ကြပြီး အခုလိုဆန္ဒပြကြမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up