ရိုးရာနွားရိုင်းသတ်ပွဲတွင်း နွားဝှေ့ခံရပြီး ကူကယ်ရာမဲ့ သေဆုံးခဲ့သူ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ၊ ဗီရာခရုဇ်မြို့မှာ စပိန်ရိုးရာ ပမ်ပလိုနာ နွားရိုင်းသတ်ပွဲလိုမျိုး ကျင်းပတဲ့ ပွဲတော်တခုတွင်းမှာ လူငယ်တဦးဟာ ကံမကောင်းစွာပဲ နွားရိုင်းဝှေ့ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီဗွီဒီယိုရုပ်သံကို ဇူလိုင် ၂၃ ရက်နေ့က ယူကျူ့ပေါ် တင်ခဲ့တာ ဖြစ်ပြီး ပွဲတော်ကျင်းပတဲ့ လမ်းကြောင်းတဖက်တချက်မှာ ပရိသတ်တွေကြည့်နေခဲ့ကြပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါလူငယ်ဟာ ပွဲကျင်းပတဲ့ လမ်းကြောင်းထဲမှာ ရှိနေခဲ့ပြီး ပထမနွားရိုင်းတကောင်ကို ရှောင်လိုက်ပြီးနောက်မှာ သူ့နောက်က ပြေးဝင်လာတဲ့ နွားရိုင်းတကောင်ကို မမြင်ခဲ့ဘဲ ၀င်ဝှေ့ခံရလို့ လေပေါ် မြှောက်တက်ပြီး သံမံတလင်းပေါ် ပြုတ်ကျ ခဲ့ရတာပါ။ တချို့က ကယ်တင်ဖို့  အတွက် လူငယ်ဆီ အကြိမ်ကြိမ် သွားဖို့ကြိုးစားခဲ့ပေမယ့် နွားရိုင်းက တချိန်လုံး အဲဒီနားမှာ ရန်ပြုနေလို့ မကယ်တင်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နွားရိုင်းဟာ တပါတ်ပြန်လှည့်လာခဲ့ပြီး လဲနေတဲ့ လူငယ်ကို နောက်တကြိမ်ဝှေ့ ခဲ့တာပါ။ ပရိသတ်တွေဟာ ထိတ်လန့်တကြားအော်ဟစ်နေကြပြီး သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြရတယ်လို့ လိုက်ဖ်လိခ်ရုပ်သံသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up