အာမေးနီးယား ဓားစာခံရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်၊ ရဲစခန်းကို ဆက်လက်စီးနင်း (ရုပ်သံ)

ပြီးခဲ့တဲ့တပတ်က စတင်ဖြစ်ပွားခဲ့တဲ့ အာမေးနီးယားနိုင်ငံက ရဲစခန်းအပိုင်စီးမှုမှာ ဓားစာခံဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင် တွေအားလုံးကို လက်နက်ကိုင်တွေက ဇူလိုင် ၂၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ရဲစခန်းစီးနင်းသူတွေက သတင်းထောက်တွေကို ရဲစခန်းထဲ ၀င်ခွင့်ပြုခဲ့ပြီး သူတို့တောင်းဆိုတဲ့ အတိုက်အခံခေါင်းဆောင်ကို ပြန်မလွှတ်ပဲ သူတို့ကို တိုက်ခိုက်လာရင် ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို ပြောဆိုခဲ့ကြတာပါ။ ဓားစာခံ ၉ ဦး ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ဆုံး ပြန်လွှတ်ပေးလိုက်ပေးလိုက်တဲ့ ဓားစာခံတွေထဲမှာ အာမေးနီးယားဒုရဲချုပ်နဲ့ ရဲဗရွန်း Yerevan မြို့တော် ဒုရဲမှူးတို့လည်း ပါဝင်ပါတယ်။ ရဲစခန်းကိုတော့ သေနတ်သမားတွေ ဆက်လက်အပိုင်စီးထားဆဲဖြစ်ပြီး လက်နက်ကိုင်အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။ ဖမ်းဆီးခံဓားစားခံတွေကို ပြန်လွှတ်ပေးဖို့ ကြားဝင်စေ့စပ်သူတွေက ညှိနှိုင်းနိုင်ခဲ့ပေမယ့် သူတို့တောင်းဆိုတဲ့ အတိုက်အခံခေါင်းဆောင်ကို လွှတ်ပေးမလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ထောင်ကျခံနေရတဲ့ အတိုက်ခံခေါင်းဆောင် ဆက်ဖီလီယန် Sefilian ဟာ အရင်က စစ်ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလက အဇာဘိုင်ဂျန်နဲ့ အာမေးနီးရှားနောက်ခံ ခွဲထွက်ရေးတွေကြား စစ်မက်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အားမေးနီးယား သမ္မတကို အပြင်းအထန်ပြစ်တင်ဝေဖန်ခဲ့တာပါ။ ဆက်ဖီလီယန်ဟာ ပြီးခဲ့တဲ့ ဇွန်လက တရားမ၀င်လက်နက်ပိုင်ဆိုင်မှုနဲ့ ထောင်ကျခံထားရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up