A d v e r t i s e m e n t With Us

အယ်လ်ဆာဗေဒိုအကျဉ်းထောင်တွင်း အဓိကရုဏ်းဖြစ်၊ အကျဉ်းသား ၄ ဦးသေဆုံး

အယ်လ်ဆာဗေဒိုနိုင်ငံ အကျဉ်းထောင်တခုတွင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့က အ ကျဉ်းသားချင်း ရန်ပွဲအဓိကရုဏ်းတခုဖြစ်ခဲ့ရာမှ အကျဉ်းသား ၄ ဦး သေဆုံးသွားခဲ့တယ် လို့ သက်ဆိုင်ရာအကျဉ်းထောင်တာဝန်ရှိသူတွေက တွစ်တာလူမှုကွန်ရက်စာမျက်နှာမှ တဆင့် ပြောပါတယ်။ သေဆုံးသူ အကျဉ်းသားတွေဟာ ဘာရီယို-၁၈ ဂန်းစတားအဖွဲ့မှဖြစ်ပြီး နိုင်ငံမြို့ တော်ရဲ့ အနောက်မြောက်ဘက် ၁၃ မိုင်အကွာ ကွီဇာလ်တပီမြို့အနီးမှာ တွေ့ရှိခဲ့ရတာ ပါ။ ထောင်တွင်း အကျဉ်းသားတွေ သေဆုံးတဲ့နှုန်းဟာ မြင့်တက်လာတယ်လို့ ရှေ့ နေချုပ်ရုံးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတုန်းကလည်း ထောင်တွင်းမှာ အကျဉ်းသား ၁၄ ဦးသေဆုံးသွားခဲ့ပြီး ဒါဟာ ဂန်းစတားအုပ်စုတူအချင်းချင်းထဲက တစိတ်တပိုင်းဖြစ်တယ် လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up