A d v e r t i s e m e n t With Us

ရီယို ၂၀၁၆ အိုလံပစ်မီးရှုးတိုင်ကို လုယူရန်ကြိုးစားသူ ဖမ်းဆီးခံရ (ရုပ်သံ)

ဘရာဇီးနိုင်ငံ၊ ဆော်အိုပိုလိုမြို့မှာ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်မီးရှုးတိုင်ကို ဒီနေ့ သယ် ဆောင်လာချိန်မှာ လမ်းကြောင်းပေါ်မှာရှိနေတဲ့ အမျိုးသားတဦးက ဆွဲလုယူဖို့ ကြိုးစားခဲ့ တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ အမည်ဖော်ပြမထားတဲ့ အဆိုပါအမျိုးသားဟာ လမ်းကြောင်းတလျှောက် ပရိသတ်ထဲမှာ ရှိနေပြီး ဘေးက လုံခြုံရေးအရလိုက်ပါလာတဲ့ ရဲတွေကို တွန်းဖယ်ပြီး မီးရှုး တိုင်ကို လုယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရဲတွေက သူ့ကို မြေပြင်ပေါ်ကို လျင်မြန်စွာ တွန်းဖယ်ပစ်လိုက်နိုင်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီမီးရှုးတိုင်ဟာ ဘရာဇီးနိုင်ငံအနှံ့ လက်ဆင့်ကမ်းလွှဲပြောင်းနေခဲ့တာဖြစ်ပြီး ရီယို ဒီဂျနေးရိုးမှာ သြဂုတ်လ ၄ ရက်နေ့မှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားအရောက် ပို့ ဆောင်ချိန်ဟာလည်း နီးကပ်နေပြီဖြစ်ပါတယ်။ သတင်းနှင့်ရုပ်သံ - ဘီဘီစီ  

A d v e r t i s e m e n t With Us

More News
Up