ထိုင်း မယ်စကြာဝဠာ အလှမယ်ရွေးချယ်ပွဲ ကျင်းပ (ဓာတ်ပုံ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆီအန်ပါရာဂွန်ကုန်တိုက်မှာ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မယ်စကြာဝဠာရွေးချယ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ အသက် ၂၁ နှစ်အရွယ် ချာလီတာ နမ်တန် ဆူအန်စိန်က မယ်စကြာဝဠာသရဖူကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံကိုယ်စားပြု အပြည်ပြည်ဆိုင်ရာ မယ်စကြာဝဠာအဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
သူဟာ ဆမွတ်ပရာခွန်ဒေသမှဖြစ်ပြီး မယ်စကြာဝဠာသရဖူနဲ့အတူ ငွေသားဆုအ ဖြစ် ထိုင်းဘတ်ငွေ ၁ သန်းကို ချီးမြှင့်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။
သတင်းဓာတ်ပုံ - ဘန်ကောက်ပို့စ်