A d v e r t i s e m e n t With Us

ဝမ်းနည်းကျမျက်ရည်နဲ့ သနားစရာ ကမ္ဘာ့စိတ်အဆင်းရဲဆုံး ၀က်ဝံကလေး (ရုပ်သံ)

တရုတ်နိုင်ငံမှ ပီဇာလို့အမည်ပေးထားတဲ့ ၀က်ဝံကလေးဟာ ကမ္ဘာ့စိတ်အ ဆင်းရဲဆုံးဝက်ဝံကလေးတကောင်ဖြစ်လာခဲ့ပါတယ်။ သူ့ကို တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့ ကုန်တိုက်တခုထဲက တိရစ္ဆာန်ပြခန်းတခုထဲမှာ ထည့်သွင်းပြီး ပြသထားတာပါ။ သူ့ရဲ့ မျက်ရည်ကျပြီး လာရောက်စူးစမ်းလေ့လာသူတွေရှေ့မှာ ဓာတ်ပုံအရိုက်မခံချင်လို့ မျက်နှာကို ၀ှက်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဒါဟာ ဂရု ပြုစရာတခုဖြစ်လာခဲ့ပါတယ်။ ဂရန်းဗျူးအမည်ရတဲ့ အဆိုပါတိရစ္ဆာန်ပြခန်းကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ငါးအသေတွေနဲ့ အကျဉ်းထောင်လို ပိတ်လှောင်ခံထားရတဲ့ တိရစ္ဆာန်တွေရဲ့ ၀န်းကျင်တွေရဲ့ ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေ အင်တာနက်စာမျက် နှာတွေပေါ်ပျံ့နှံ့ခဲ့ပြီးနောက်မှာ နာမည်ဆိုးတွေ ထွက်နေခဲ့တာပါ။ ပီဇာကတော့ အဆိုပါ တိရစ္ဆာန်ပြခန်းမှာ ပြသထားတဲ့ တိရစ္ဆာန်မျိုးစိတ် ၅၀၀ ကျော်ထဲက တကောင်အပါအ၀င်ဖြစ်ပါတယ်။ သူ့ရဲ့ ၀မ်းနည်းမျက်ရည်ကျနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ တိရစ္ဆာန်တွေကို လျစ်လျူရှုပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့ အဆိုပါလုပ်ငန်းကို တိရစ္ဆာန်အကျဉ်းထောင်အဖြစ် တိရစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Animal Asia က တံဆိပ်ခပ်ခဲ့ပြီး နိုင်ငံတကာကလည်း အာရုံစိုက်လာခဲ့ကြတာပါ။ “တိရစ္ဆာန်တွေကို သူတို့ကျင်လည်တဲ့ သဘာဝပတ်ဝန်းကျင်ထဲကနေ ခေါ်ယူပြီး ဘယ်တော့မှ စောင့်ရှောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတိုရဲ့ မူလနေရာတွေဆီ ကနေ ဂရန်းဗျူးပြခန်းမှာ အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရတာကို တွေ့နေရပါ တယ်”လို့ Animal Asia အဖွဲ့မှ ဒါရိုက်တာ ဒေးဗစ်နီးလ်က ပြောပါတယ်။ လက်ရှိမှာတော့ လူပေါင်း ၄ သိန်းနီးပါးဟာ ၀က်ဝံကလေးပီဇာအပါအ၀င် တခြား တိရစ္ဆာန်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရရှိနိုင်ဖို့ ဒီပြခန်းကို ပိတ်ပစ်ဖို့ လက်မှတ်ရေးထိုးကန့်ကွက်စာတွေကို Animal Asia မှတဆင့် အဆိုတင်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ရုံတာဝန်ရှိသူတဦးကတော့ ၀က်ဝံကလေး ပီဇာအနေနဲ့ ဒီမှာနေရတာ ပျော်ရွှင်နေပြီး သူတို့အနေနဲ့ ခုလိုဖွင့်လှစ်ရတာဟာ သိပ္ပံပညာအတွက်ဖြစ်တယ်လို့ သ တင်းထုတ်ပြန်ခဲ့ပေမယ့် တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ မယုံ ကြည်ကြဘူးလို့ ဂွမ်ကျိုးပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ နီးလ်ကတော့ “ပညာရေးကို အကြောင်းပြဖြေရှင်းမှုရဲ့ နောက်ကွယ်မှာ ဒါကို ခု တုံးလုပ်အကျိုးအမြတ်ရှာဖွေဖို့ဖြစ်တယ်”လို့ ပြောလိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up