A d v e r t i s e m e n t With Us

ဗန်းမောက်တွင် တရားမဝင် တမလန်းသစ်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်း က တရားမဝင် တမလန်းသစ်တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ပြည့်ဖြိုးငြိမ်း၊ ခေတ္တ ရဲတပ်ဖွဲ့မှူး ရဲမှူးနေထွန်းနဲ့ မြို့နယ်သစ်တောတို့ ပူးပေါင်းပါဝင်တဲ့အဖွဲ့က သတင်းအရ တောနင်းရှာဖွေရာက တွေ့ရှိ ဖမ်းဆီခဲ့တာပါ။ ဗန်းမောက်မြို့နယ် အနောက်တောင်ဘက် ၃၆ မိုင်လောက်အကွာ မံယူကြီးကျေးရွာအနီး ပေပင်ရွာပျက် သင်္ချိုင်းဟောင်းတောအတွင်းမှာ တမလန်း ဓားရွေတုံး ၄၂ တုံး၊ ၇.၈၉၆၂ တန် ကာလတန်ဖိုး ငွေကျပ် ၃၁ သိန်း ၅ သောင်း ၈ ထောင်ကျပ်ခန့် ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာလို့ ဗန်းမောက်ရဲတပ်ဖွဲ့က ပြောပါတယ်။ တရားမဝင် တမလန်းသစ်တွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ ဆက်လက်ဆောက်ရွက်နိုင်ဖို့ ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်သိန်းဇော်နဲ့၊ တောအုပ် ကြည်မော်ဦးတို့ကို လွှဲပြောင်း အပ်နှံထားတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)  

A d v e r t i s e m e n t With Us

More News
Up