A d v e r t i s e m e n t With Us

ဘရာဇီးလ်အသင်း ရွှေတံဆိပ်ရရန် နေမာ မျှော်မှန်း

Brazil's Neymar celebrates his goal against Croatia during their 2014 World Cup opening match at the Corinthians arena in Sao Paulo June 12, 2014. REUTERS/Damir Sagolj
ဘရာဇီးလ် တိုက်စစ်မှူး နေမာက အိုလံပစ် ပွဲတော်မှာ သူ့နိုင်ငံအသင်း ရွှေတံဆိပ်ရဖို့ မျှော်မှန်းတယ်လို့ ပြောပါတယ်။ ဘရာဇီးလ်မှာ ကစားရတာ မလွယ်တာ မှန်ပေမ့ယ် သမိုင်းတွင်တဲ့ အောင်မြင်မှုတခုကို ဖန်တီးနိုင်မယ့် အခွင့်အလမ်း ရှိတယ်လို့ နေမာက ပြောပါတယ်။ ဘရာဇီးလ် အသင်းဟာ အရင်လတုန်းက ကျင်းပခဲ့တဲ့  ကိုပါအမေရိကားဖလားမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် အခုတော့ နည်းပြသစ်က ကိုင်တွယ်နေပါတယ်။ ဘရာဇီးလ် အသင်းသားတွေဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အိမ်ရှင်အသင်းဖြစ်ပြီး ဂျာမနီကို ၇ ဂိုး၊ ၁ ဂိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးခဲ့တဲ့  အိပ်မက်ဆိုးကနေ ပြန်လည်ရုန်းထွက်နိုင်မယ့် အခွင့်အရေးကိုလည်း မျှော်လင့်နေကြပါတယ်။ ရီယိုမြို့မှာ သြဂုတ်လ ၅ ရက်နေ့ စတင်မယ့် အိုလံပစ် အားကစားပွဲမတိုင်ခင် တရက်၊ သြဂုတ်လ ၄ ရက်နေ့ကျရင်  အိမ်ရှင် ဘရာဇီးလ်အသင်းဟာ တောင်အာဖရိက အသင်းနဲ့ အုပ်စု အေမှာ ပွဲဦးထွက်ကစားရမှာဖြစ်ပြီး အီရတ်၊ ဒိန်းမတ်တို့နဲ့ နောက်ပွဲတွေ ဆက်ကစားရဖို့  ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up