ရှားပါးမိကျောင်းကို လမ်းမပေါ်သတ်စားခဲ့သူ တရုတ်အမျိုးသား ၆ ဦး ဖမ်းဆီးခံရ

တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီခရိုင်ထဲက လမ်းမတခုပေါ်မှာ မျိုးတုံးပျောက် ကွယ်တော့မည့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမိကျောင်းတကောင်ကို ဖမ်းဆီး ချက်ပြုတ်စားသောက်ခဲ့ကြတဲ့ အမျိုးသား ၆ ဦးဟာ ဒီပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ တရုတ်ဘာသာစကားနဲ့ ချန်ကျန်းလို့ အမည်ရတဲ့ အဆိုပါရှားပါးမိကျောင်းကို ၀ူဟူစီရင်စုနယ်မြေထဲမှာ ဒေသတွင်း မိုးပြင်းပြင်းထန်ထန်ရွာသွန်းခဲ့ချိန်မှာ ဒဏ်ရာရ လျက်သားအခြေအနေနဲ့ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ မိကျောင်းကိုတွေ့ရှိခဲ့တဲ့ အမျိုးသား ၆ ဦးဟာ မိကျောင်းကို ၀ိုင်းဝန်းဖမ်းဆီးပြီး ချက်ပြုတ် စားသောက်ခဲ့ကြတာဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ သူတို့ကို ဒေါသတကြီးဝေဖန်ခံခဲ့ရကာ ရဲတွေက စုံစမ်းစစ် ဆေးမှုတွေစတင်လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပါတ်အစောပိုင်းမှာတော့ သူတို့ထဲမှ တဦးဟာ ရဲတွေဆီလာရောက်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆိုပြီးနောက်မှာ တခြားသူ ၅ ဦးကိုပါ ဖမ်း ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ရဲတွေက ဒီဖမ်းဆီးခံရသူတွေဟာ နိုင်ငံရဲ့ ထိန်း သိမ်းစောင့်ရှောက်ထားတဲ့ ရှားပါးမိကျောင်းကို တရားမ၀င်သတ်ဖြတ်စားသောက်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဒဗလျူစီအက်စ်) ရဲ့ အဆိုအရ မိကျောင်းမျိုးစိတ်တွေထဲမှာ တရုတ်မိကျောင်းမျိုးစိတ်တွေဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး လက်ရှိမှာ ကောင်ရေ ၁၂၀ ထက် နည်းလာနေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ရှင်သန်နေထိုင်တဲ့ မိကျောင်းတွေထဲမှာ ဒီမျိုးစိတ်ကို ၂ ကောင်မှာ ၁ ကောင်နှုန်းသာ တွေ့ရတော့တယ်လို့ ဆိုပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up