ယာဉ်ထိန်းရဲ ဖမ်းဆီးစစ်ဆေးလို့ ဒေါသထွက်ပြီး ဆိုင်ကယ်ကို ပုဆိန်ဖြင့်ထု (ရုပ်သံ)

3.7K
တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ ကျင်ဇီမြို့မှာ ဆိုင်ကယ်စီး အမျိုး သားတဦးကို ယာဉ်ထိန်းရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ချိန်မှာ သူဟာ ဒေါသထွက်ပြီး ဆိုင်ကယ်ကို ပုဆိန်နဲ့ထုရိုက်ဖျက်ဆီးခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အဆိုပါအမျိုးသားဟာ ဆိုင်ကယ်ပေါ်မှာ လူ ပိုတင်ဆောင်မောင်းနှင်လာကာ ဆိုင်ကယ်စီးဦးထုပ်လည်း ဆောင်းမထားခဲ့တဲ့အတွက် ယာဉ်ထိန်းရဲတွေက တားဆီးစစ်ဆေးခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။
ရဲတွေက အရေးယူဆုံးဖြတ်မှုမလုပ်ခင်မှာ သူဟာ သွေးအေးအေးနဲ့ ပုဆိန်ကို ကောက်ယူခဲ့ပြီး ရုတ်တရက်ပဲ ဆိုင်ကယ်ကို ထုရိုက်ဖျက်ဆီးခဲ့တာ ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ တွေ့ရပါတယ်။
သူဟာ ဆိုင်ကယ်ကို ရဲတွေရဲ့ စစ်ဆေးမှုမခံယူလိုတဲ့အတွက် ခုလိုလုပ်ခဲ့တာ ဖြစ်ပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ သူ့ရဲ့အပြုအမူအတွက် ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။