A d v e r t i s e m e n t With Us

မန်ယူအသင်းက ဗာရီလာကို ဖရန့်ဖတ်အသင်းထံ အငှားချ

မန်ချက်စတာ ယူနိုက်တက်အသင်းက နောက်တန်းသမား ဗာရီလာကို ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းဆီ အငှားချထားလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်တန်းသမား ဗာရီလာကို လာမယ့် တရာသီအတွက် အငှား ချလိုက်တာ ဖြစ်ပါတယ်။ ဥရုဂွေး နောက်တန်းသမားဟာ ၂၀၁၃ မှာ မန်ယူကို ရောက်ရှိလာတာပါ။ ညာ နောက်တန်းသမား ဗာရီလာဟာ ပြီးခဲ့တဲ့ ရာသီ ဒီဇင်ဘာလထဲမှာ မန်ယူအတွက် ပွဲဦးထွက် ကစားခဲ့ပြီး  စုစုပေါင်း ၁၀ ပွဲပဲ ကစားခွင့် ရထားပါတယ်။ သူဟာ နည်းပြသစ် မော်ရင်ဟို လက်ထက် ပထမဆုံး ပွဲဖြစ်တဲ့ ၀ီဂန်ကို အနိုင်ရတဲ့ပွဲမှာ လူစား ၀င်ရောက် ကစားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up