မိုးပျံပူဖောင်းဖြင့် ကမ္ဘာပတ် တကိုယ်တော်စွန့်စားသူ စံချိန်သစ်တင် (ရုပ်သံ)

609
မိုးပျံပူဖောင်းနဲ့ ကမ္ဘာတပတ် မနားတမ်ပတ်ခဲ့တဲ့ တကိုယ်တော်စွန့်စားသူ ရုရှားနိုင်ငံသားဟာ ဇူလိုင် ၂၃ ရက်နေ့က ပျံသန်းမှု အတိုဆုံးစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံ အနောက်ပိုင်းက နော်သန်မြို့ကနေ လွန်ခဲ့တဲ့ ၁၁ က စတင်ထွက်ခွာလာခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့က ကမ္ဘာတပတ်ပြည့်မြောက်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်က အမေရိကန်နိုင်ငံသား Steve Fossett စီးနင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ပြီး Fossett တင်ထားခဲ့တဲ့ စံချိန်ထက် ၂ ရက်စောပြီးပန်းဝင်ခဲ့တယ်လို့ ပျံသန်းမှုထောက်ကူရေးအဖွဲ့ကပြောဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ် ရုရှားတကိုယ်တော်စွန့်စားသူ ကွန်ယုကောဗ့် Konyukhov ဟာ သြစတြေးလျနိုင်ငံကနေ နယူးဇီလန်၊ ပစိဖိတ်သမုဒ္ဒရာ၊ ဂွတ်ဒ်ဟုတ်အငူနဲ့ သမုဒ္ဒရာတောင်ပိုင်းကိုဖြတ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းကနေ ပတ်ခဲ့တာပါ။
မိုးပျံပူဖောင်းဟာ အမြင့် ၁၈၃ ပေရှိပြီး ဟီလီယံ helium ဓာတ်ငွေ့နဲ့ပျံသန်းတာဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းကနေ ကမ္ဘာတပတ်ကို ၁၁ ရက်နဲ့ ၆ နာရီကြာခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား Fossett ၂၀၀၂ ခုနှစ်က တင်ထားတဲ့စံချိန်က ၁၃ ရက်ကျော်တဲ့အတွက် အခုစံချိန်က ၂ ရက်ကျော် တိုတောင်းပါတယ်။