မြန်မာ ၁၄၀ ခန့် လစာမရသဖြင့် ထိုင်းမားမားစက်ရုံမှ စုပေါင်းထွက်ခွာ (ရုပ်သံ)
DVB
·
July 23, 2016
ထိုင်းနိုင်ငံ၊ လပ်ဘူရီခရိုင်၊ ဘန့်ပုံမြို့နယ် လုံမေဂျီလတ်မားမားစက်ရုံက မြန်မာအလုပ်သမား ၁၄၀ လောက်ဟာ လုပ်ခလစာ မရတာနဲ့ အလုပ်မရှိတာကြောင့် ဒီနေ့မှာ အလုပ်ရုံကနေ စုပေါင်း ထွက်ခွာခဲ့ကြပါတယ်။
မြန်မာနိုင်ငံရှိ မွန်ဘီအေဂျင်စီ ကနေ နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူ) နဲ့ တရားဝင်ပို့ဆောင်ထားတဲ့ အလုပ်သမားတွေဖြစ်ပြီး သူတို့အရေးနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (အေအေစီ) က ကူညီဖြေရှင်းပေးနေတယ်လို့ အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
အလုပ်သမား ၁၄၀ လောက် အရေးနဲ့ပတ်သက်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက သံအမတ်ကြီးထံ ဆက်သွယ်အကြောင်းကြားထားပြီး အခုတော့ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။
ရုပ်သံ - အေအေစီ