ဘီဆစ်တပ်အသင်းကို စွန့်ခွာတော့မည်ဟု ဂိုမက်ဇ်ပြော

ဂျာမန်တိုက်စစ်မှူး မာရီယို ဂိုမက်ဇ်က တူရကီကလပ် ဘီဆစ်တပ်အသင်းကို စွန့်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။ တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်တပ်က အာဏာသိမ်းမှုတွေ ဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေကြောင့် အသင်းကို စွန့်ခွာရတာလို့ တိုက်စစ်မှူး ဂိုမက်ဇ် က ပြောပါတယ်။ ဒါ့အပြင် အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် အများကြီး စဉ်းစားပြီးမှ လုပ်ရတာလို့လည်း ဂိုမက်ဇ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အီတလီကလပ် ဖီအိုရန်တီးနားအသင်းကနေ ပြီးခဲ့တဲ့ ရာသီမှာ ဘီဆစ်တပ်အသင်းကို အငှားနဲ့ သွားရောက် ကစားပေးခဲ့ပါတယ်။ သူဟာ ဘီဆစ်တပ်အသင်းအတွက် ၂၈ ဂိုး သွင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up