လူဖြူရဲက လူမည်းဆရာမကို အကြမ်းဖက် ဖမ်းဆီးသည့် ရုပ်သံပေါ်ထွက် (ရုပ်သံ)

1.8K
အမေရိကန်ပြည်ထောင်စု တက္ကဆပ်မှာ ကျောင်းဆရာမတဦးကို လူဖြူရဲက အကြမ်းဖက် ဖမ်းဆီးတဲ့ ရုပ်သံဖိုင်ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ကားပေါ်က ဆင်းလာတဲ့ လူမည်းဆရာမ ဘရိုင်အွန်ကင်းကို လူဖြူရဲက ဆွဲပြီး မြေပြင်ပေါ်ကို တွန်းထိုးကာ လက် ၂ ဖက်ကို နောက်ပြန် လက်ထိတ်ခတ် အကြမ်းဖက် ဖမ်းဆီးခဲ့တာကို ရုပ်သံမှာ ရိုက်ကူးထားပါတယ်။
နောက်ရောက်လာတဲ့ အသက် ၂၆ နှစ်အရွယ် ရဲအရာရှိကလည်း လူမည်းအသိုင်းအ၀န်းက အကြမ်းဖက်တဲ့အတွက် လူဖြူတွေက ကြောက်ရွံ့တယ်လို့ ပြောပါတယ်။
အဖမ်းခံဖို့ ခုခံခဲ့တဲ့အတွက် မြေကြီးပေါ်ကို တွန်းတိုးခဲ့ရတာလို့ ရဲအရာရှိ ဘရိုင်ယန် ရစ်ခ်ျတာက ပြောပါတယ်။
ဗွီဒီရိုဖိုင်မှာတော့ ဆရာမကို ရဲစခန်းခေါ်သွားပြီး ဖမ်းရတဲ့ အကြောင်း မေးခွန်းထုတ်နေတာတွေကိုလည်း ရိုက်ကူးထားပါတယ်။
ဒီသတင်းပတ်အတွင်းမှာ ထွက်လာတဲ့ ရုပ်သံဖိုင်ဟာ ၂၀၁၅ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီမြို့ရဲ့ ရဲတပ်ဖွဲ့အကြီးအကဲက တောင်းပန်ရတဲ့ အထိ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို မြင်တွေရတော့ ၀မ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ရတယ်လို့ အော်စတင် ရဲတပ်ဖွဲ့အကြီးအကဲ အပ်အေစီဗက်တိုက ပြောပါတယ်။
ဖမ်းဆီးစဉ် ပြန်လည်ခုခံတယ်ဆိုတဲ့ စွပ်စွဲချက်ကို ရုပ်သံဖိုင် ကြည့်ပြီးတဲ့နောက် တရားလိုတွေက ပယ်ဖျက်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ရဲစခန်းကို တရားစွဲမယ်ဆိုပြီး ရှေ့နေငှားဖို့အထိ စဉ်းစားသေးတယ်လို့ ကင်းက ပြောပါတယ်။