စပိန်ဘောလုံးအဖွဲ့ချုပ် နည်းပြသစ်ခန့်အပ်
စပိန်ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေတဲ့ နည်းပြ ရာထူးနေရာမှာ ဂျုလန် လာပေါ်တက်ဂွီကို ခန့်အပ်လိုက်ပါတယ်။
ပေါ်တိုအသင်း နည်းပြ လာပေါ်တက်ဂွီဟာ အနားယူသွားတဲ့ စပိန်နည်းပြ ဒဲဘောစကေးရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာတာပါ။
အသက် ၄၉ နှစ်အရွယ် စပိန် ဂိုးသမားဟောင်း လာပေါ်တက်ဂွီဟာ စပိန်ယူ ၁၉၊ ၂၀ နဲ့ ၂၁ အသင်းတွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
ပေါ်တူဂီကလပ် ပေါ်တိုအသင်းက နည်းပြ လာပေါ်တက်ဂွီကို အင်္ဂလန် ချန်ပီယံရှစ်တန်းက ၀ူဗာဟန်တာအသင်းနဲ့ ချိတ်ဆက်တယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလက အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ထားပါတယ်။