A d v e r t i s e m e n t With Us

ထိုင်းဧရာဝဏ် နတ်ကွန်းထဲ လူအုပ်ကို ကားတစီးဝင်တိုက် (ရုပ်သံ)

ဇူလိုင် ၂၂ ရက် ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက် မြို့လယ်ခေါင်က ရတ်ချပရာဆောင် လမ်းဆုံမှာရှိတဲ့ လေးမျက်နှာ ဧရာဝဏ် နတ်ကွန်းထဲကို ကားတစီး ၀င်တိုက်ခဲ့ပါတယ်။ တိုယိုတာ Sedan ကားက နတ်ကွန်းရဲ့ ခြံစည်းရိုးကို ၀င်တိုက်ပြီး နတ်ကွန်းအထဲထိ ၀င်သွားလို့ အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကားမောင်းတဲ့ အသက် ၅၅ နှစ် အမျိုးသမီး ကန်နျူနစ် တက်ချောရိုင်လည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ရဲတွေလည်း အခင်းဖြစ်ပွားတဲ့နေရာကို ရောက်လာပြီး ကားမောင်းတဲ့သူဟာ ၀က်ရှုးပြန်ကာ ကားကို မထိန်းနိုင်ဖြစ်သွားတယ်လို့ ပြောပါတယ်။ ကားမောင်းတဲ့သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ အရင်နှစ် သြဂုတ်လကလည်း ဧရာဝဏ် နတ်ကွန်းမှာ ဗုံးပေါက်ကွဲခဲ့ပြီး လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up