မော်တော်ထဲ ခုန်ဝင်လာသည့် လင်းပိုင်ကို ကမ်းခြေစောင်တပ်ဖွဲ့ ကယ်ဆယ် (ရုပ်သံ)

1K
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဖော့မိုင်ယားကမ်းခြေမှာ မော်တော်တစီးထဲ မှားယွင်းခုန်ဝင်လာတဲ့ လင်းပိုင်တကောင်ကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်လိုက်ပါတယ်။
ဇူလိုင် ၂၁ ရက် မနက် ၁ နာရီလောက်မှာ လူတဦးက ၇ ပေရှိတဲ့ လင်းပိုင်တကောင် ရေထဲကနေ ခုန်ပြီး မော်တော်ပေါ်ကို ရောက်လာတယ်ဆိုပြီး အကြောင်းကြားတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖလော်ရီဒါ ငါးနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရေထဲကို အမြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ပြီး ရေထဲကို ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
ပြန်လွှတ်ဖို့ ကြိုးစားရာမှာ ကမ်းခြေက တချို့သော မော်တော်ပေါ်က လူတွေလည်း ပါဝင်ကူညီတယ်လို့ သတင်းမှာ ရေးပါတယ်။
ဒီလို ကယ်တင်လိုက်နိုင်တာကို ဂုဏ်ယူဝမ်းသာတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။