လူ ၂၉ ဦးပါ အိန္ဒိယ လေယာဉ် အဆက်အသွယ်ပြတ်
လူ ၂၉ ဦးလိုက်ပါလာတဲ့ ပို့ဆောင်ဆက်သွယ်ရေး လေယာဉ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ အဆက်အသွယ်ပြတ်သွားတယ်လို့ အိန္ဒိယ စစ်တပ်က ထုတ်ပြန်ပါတယ်။
အန်တိုနောဗ့်-၃၂ လေယာာဉ်ဟာ အိန္ဒိယတောင်ပိုင်းချန်နိုင်းကနေ ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် မနက် ၈ နာရီခွဲမှာ ထွက်ခွာလာတာ ဖြစ်ပြီး ကမ်းခြေမြို့ ပေါ့ဘလဲကို နေ့လယ် ၁၁ နာရီခွဲ ဆင်းရမှာ ဖြစ်ပါတယ်။
ဆိုက်ရောက်ရမယ့် သတ်မှတ်ချိန်ထက် ၃ နာရီကျော်ကြာပေမယ့်လည်း လေယာဉ်ကို ဆက်သွယ်မရဘူးလို့ ဆိုပါတယ်။
လေယာဉ်မှာ ၀န်ထမ်းတွေနဲ့ လေယာဉ်အမှုထမ်း ၆ ဦးအပါအ၀င် ၂၉ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။ လေတပ်၊ ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေကလည်း အကြီးအကျယ် ရှာဖွေနေပါတယ်။
ပေါ့ဘလဲဟာ အက်ဒမန်နဲ့ နစ်ကိုဘား ကျွန်းမှာ တည်ရှိတယ်လို့ ဆိုပါတယ်။