ဟောင်ကောင် ကျောင်းသားခေါင်းဆောင်ကို ဆန္ဒပြမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်

ကျောင်းသားခေါင်းဆောင် ဂျိုရွှာဝမ်။ (ဓာတ်ပုံ - အေပီ)
766
ဟောင်ကောင် ဒီမိုကရေစီ ကျောင်းသားခေါင်းဆောင် ဂျိုရွှာဝမ် (Joshua Wong) ကို တရားမ၀င် ဆန္ဒပြပွဲတွေမှာ ပါဝင်မှုနဲ့ ပြစ်မှုထင်ရှားတယ်လို့ ဟောင်ကောင်တရားရုံးက ဇူလိုင် ၂၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ၀မ်နဲ့ ဆန္ဒပြသူ ၂ ဦးတို့ဟာ ဟောင်ကောင်အစိုးရရုံးဝန်းထဲ ခြံကျော်ဝင်ခဲ့ကြလို့ ဖမ်းဆီးခံရတာကို အကြောင်းပြုပြီး ဟောင်ကောင်မြို့လယ် ဒီမိုကရေစီ ဆန္ဒပြပွဲတွေ ၂ လကြာ ဖြစ်ပွားခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ၀မ်ဟာ အဲ့ဒီကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ ရှေ့တန်းရောက်လာပြီး ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ ပြယုဂ် ဖြစ်လာတာပါ။
ဝမ်ဟာ အခုပြစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
လောလောဆယ်တော့ သူတို့ကို အာမခံပေးထားပြီး နောက်လ ၁၅ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။
နောက်ထပ် သူတို့အပေါ် စွဲဆိုထားတဲ့ လူထုကို သွေးထိုးလှုံ့ဆော်မှုကိုတော့ ဟောင်ကောင်တရားရုံးက ပလပ်လိုက်ပါတယ်။