A d v e r t i s e m e n t With Us

သမိုင်းဝင်အတွင်းဝန်ရုံးကို ပြည်သူပိုင်အဖြစ် ပြန်ထားရှိရန် လွှတ်တော်၌တင်သွင်းမည်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ရန်ကုန်မြို့က သမိုင်းဝင် အတွင်းဝန်ရုံး (ဝန်ကြီးများရုံးဟောင်း) ကို ပြည်သူပိုင်အနေနဲ့ ပြန်လည်ထားရှိဖို့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းသွားဖို့ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက “အခု လာမယ့် လွှတ်တော်မှာတင်ဖို့ ရှိပါတယ်။ ဗိုလ်ချုပ်တို့နဲ့ ပတ်သက်တဲ့ ရွှေတိဂုံဘုရားလမ်းက ဂျူဗလီဟောကလည်း မရှိတော့ဘူး။ ဒီတခုပဲရှိတော့တယ်။ တဦးတယောက်လက်ထဲမှာ ရှိနေတာ မကောင်းဘူးလေ။အ များပြည်သူပိုင်အနေနဲ့ပဲ ဖြစ်သင့်တယ်။ ဒါကြောင့် ကျနော်တင်ချင်တာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနဲ့ သိမ်ဖြူလမ်းအကြားမှာရှိတဲ့ ဝန်ကြီးများရုံးဟောင်းကို ၂၀၁၁ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က  ပုဂ္ဂလိကကို လွှဲပြောင်းပေးခဲ့ရာမှာ အနော်မာ အနုပညာအုပ်စုက လုပ်ကိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ အနော်မာအုပ်စုက ဝန်ကြီးများရုံးနေရာမှာ ၂၀၁၅ မတ်လက မွေးနေ့ ပါတီပွဲကျင်းပခဲ့တဲ့အတွက် လူအများရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဗိသုကာပညာရှင် ဦးမော်လင်းကတော့ ဝန်ကြီးများရုံးကို ပြုပြင်ထိန်းသိမ်းဖို့က ကုန်ကျစရိတ်တွေရှိတဲ့အတွက် နိုင်ငံတော်အနေနဲ့ပဲ ထိန်းသိမ်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။ 13719671_1384072151608074_6598241197904031452_o“တခြား အဆောက်အအုံတွေဆိုရင်တော့ ပုဂ္ဂလိကက လုပ်တာလည်း ပြောစရာမရှိပါဘူး။ အဆောက်အဦကို ထိန်းသိမ်းပြီးတော့ သူ့ရဲ့ အသုံးချမှုကို ကောင်းကောင်းမွန်မွန် လုပ်မယ်ဆိုရင် အားပေးပါတယ်။ ဒါပေမယ့် အတွင်းဝန်ရုံးလို အဆောက်အအုံမျိုးကတော့ အစိုးရကနေ စနစ်တကျ ထိန်းသိမ်းတာကသာ အောင်မြင်လိမ့်မယ်လို့ ထင်တယ်။ ပြည်သူပိုင် လုပ်တယ်ဆိုတာကတော့ အလွန်ကောင်းတဲ့ခြေလှမ်း အစလို့မြင်ပါတယ်။” ကိုလိုနီခေတ်မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးဗဟိုဌာနဖြစ်ခဲ့တဲ့ အတွင်းဝန်ရုံးကို ဗြိတိသျှအစိုးရက ဆောက်လုပ်ခဲ့ရာ ၁၉၀၂ ခုမှာ ပင်မဆောင်တည်ဆောက်ပြီးစီးခဲ့ပြီး ၁၉၀၅ မှာ အရှေ့ဘက်နဲ့ အနောက်ဘက်ကအဆောင်တွေပြီးစီးကာ ကုန်ကျစရိတ် ကျပ် ၂ သန်းခွဲလောက် ရှိတယ်လို့ မှတ်တမ်းတွေ အရ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အာကာ  

A d v e r t i s e m e n t With Us

More News
Up