တရုတ်မြောက်ပိုင်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး (ရုပ်သံ)
တရုတ်နိုင်ငံမြောက်ပိုင်းက ဟူဘေးပြည်နယ်မှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းကစပြီး မိုးကြီး ရေကြီးမှုတွေမှာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ၇၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
ပြည်နယ်အတွင်း မြို့ ၁၁ မြို့မှာ ဒေသခံပြည်သူ ၂ သန်းနီးပါးလောက် ရေဘေးဒုက္ခ ကြုံတွေ့နေကြပြီး ၁ သိန်း ၂ သောင်းကျော်လောက်ကတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပေးတယ်လို့ ပြည်နယ် ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ပြည်နယ်အတွင်း လူနေအိမ် အလုံး ၇၀၀၀ ကျော် ရေနစ်မြုပ်မှုတွေ၊ တောင်ပြိုမှုတွေကြောင့် ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေ ဟတ်တာ ၁ သန်းခွဲလောက်လည်း ပျက်စီးသွားတယ်လို့ ပြည်နယ်ပြည်သူ့ရေးရာဌာနက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး အခြေအနေအဆိုးဆုံး ဒေသတွေကို ယာယီတဲတွေ၊ အိပ်ရာတွေ၊ မိုးစီးဖိနပ်တွေကို အရေးပေါ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ဖြန့်ဝေကူညီပေးနေပါတယ်။