A d v e r t i s e m e n t With Us

တရုတ်မြောက်ပိုင်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်းက ဟူဘေးပြည်နယ်မှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းကစပြီး မိုးကြီး ရေကြီးမှုတွေမှာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ၇၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်အတွင်း မြို့ ၁၁ မြို့မှာ ဒေသခံပြည်သူ ၂ သန်းနီးပါးလောက် ရေဘေးဒုက္ခ ကြုံတွေ့နေကြပြီး ၁ သိန်း ၂ သောင်းကျော်လောက်ကတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပေးတယ်လို့ ပြည်နယ် ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်အတွင်း လူနေအိမ် အလုံး ၇၀၀၀ ကျော် ရေနစ်မြုပ်မှုတွေ၊ တောင်ပြိုမှုတွေကြောင့် ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေ ဟတ်တာ ၁ သန်းခွဲလောက်လည်း ပျက်စီးသွားတယ်လို့ ပြည်နယ်ပြည်သူ့ရေးရာဌာနက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး အခြေအနေအဆိုးဆုံး ဒေသတွေကို ယာယီတဲတွေ၊ အိပ်ရာတွေ၊ မိုးစီးဖိနပ်တွေကို အရေးပေါ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ဖြန့်ဝေကူညီပေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up