မက်ဆီရဲ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားသည့် မှော်ဆန်သွင်းဂိုးများ (ရုပ်သံ)
အာဂျင်တီးနားလက်ရွေးစင်နဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အမြင်နဲ့ ကြည့်ရင် မဖြစ်နိုင်ဘူးထင်တဲ့ သွင်းဂိုး ၁၀ ဂိုးကို ယူကျုမှာ စုစည်းထားပါတယ်။
အမြင်အာရုံအရရော Play Station ဂိမ်းမှာရော သွင်းလို့မရနိုင်တဲ့ ဂိုးများဆိုပြီး မှော်ဆန်သော မက်ဆီဆိုတဲ့ ယူကျုအကောင့်က စုစည်းတင်ဆက်ထားတာ ဖြစ်ပါတယ်။
ဒီအထဲမှာ ဘောလုံးကို အနီးကပ် ဝေ့၀ိုက်ကန်ပြီး သွင်းယူသွားတဲ့ ၂၀၁၄-၁၅ အယ်လ်မားရီးယားကလပ်နဲ့ပွဲမှာ သွင်းယူတဲ့ ဂိုးနဲ့ စတင်ပြီး ရုပ်သံဖိုင်မှာ ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီသွင်းဂိုးတွေဟာ ဘာစီလိုနာအသင်းအတွက် သွင်းယူပေးတဲ့ဂိုးတွေ ပါသလို အာဂျင်တီးနားအတွက် သွင်းယူတဲ့ ဂိုးတွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ၂၀၀၆-၀၇ ခုနှစ်က သွင်းယူတဲ့ ဂိုးတွေလည်း စုစည်းထားတဲ့အထဲမှာ ပါဝင်ပါတယ်။