အင်တာတိုက်စစ်မှူး အီကာဒီကို အာဆင်နယ် ခေါ်ယူရန် နီးစပ်

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းဟာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ အီတလီသတင်းစာတွေမှာ ရေးသားနေကြပါတယ်။ အီတလီသတင်းစာ Corriere dello Sport ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အီကာဒီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၇ သန်းနဲ့ တပတ်လုပ်ခ ပေါင် ၉၆၅၀၀ ပေးချေမှာဖြစ်ပြီး တပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်မယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အတွက် ပွဲပေါင်း ၃၀ ကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်အပြောင်းအရွှေ့ ဈေးကွက်မှာ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာကာနဲ့ ဂျပန်လူငယ်တိုက်စစ်မှူး တာကူမာတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up